ဇာတ်ကားကြည့်ရန် ပုံ (Image) ကို နှိပ်ပါ T*h*e W*r*e*c*k*e*r (2025) IMDB (4.5/10) Harvey Keitel , Tyrese Gibson , Danny Trejo တို့လို ဆရာ့ဆရာကြီးတွေကိုယ်တိုင်ဝင်ဖြုတ်ထားတဲ့ အက်ရှင်ကားသစ်ကြီးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ ဘုရားစူးညီတော်လေးကောင်းမှူနဲ့ ငယ်ထိပ်မိုးကြိုးပစ်ခံလိုက်ရတဲ့ အစ်ကိုကြီးက အမွှေစိန်ညီလေးကို ဘယ်လိုကယ်တင်သွားမလဲဆိုတာ ရှုစားရမှာပါ။ တိုနီကတော့ တပ်ထဲကနေ အကြောင်းပြချက် သေချာမသိရဘဲ ထုတ်ပယ်ခံလိုက်ရတဲ့ မရိန်းတပ်သားတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာတော့ ကားဝပ်ရှော့ထောင်ထားပြီး ဇနီးနဲ့ သားသမီးတွေနဲ့ သာယာတဲ့ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။ တိုနီ့ဘဝရဲ့ပြစ်ချက်ကို ပြောပါဆိုရင်တော့ သူ့ရဲ့ညီ ဘော်ဘီပါပဲ။ ခိုးဆိုးလုနှိုက် အပျော်အပါးသက်သက်သာ ခုံမင်နေတဲ့ဘော်ဘီကတော့ အမွှေစိန်ဆိုတဲ့အတိုင်း ဘော်ဘီကကွိုင်ရှာလိုက် တိုနီက နောက်ကလိုက်ရှင်းလိုက်ပါပဲ။ အစ်ကိုဖြစ်သူကို စိတ်ထဲက ကြိတ်မနာလိုနေတဲ့ဘော်ဘီတစ်ယောက် တစ်ရက်မှာတော့ ဖရာရီကားကြီးနဲ့ တိုနီဆီကိုရောက်ချလာပြီး ဖော်ရှိုးလုပ်တာပေါ့။ ဒါပေမဲ့ ဖရာရီကားပိုင်ရှင်ရဲ့လူတွေ နောက်ကလိုက်လာလို့မောင်းပြေးရင်းနဲ...